Myanmar Web Store
We build Awesome Website


ကိုယ်ရဲ့ Website ပေါ် လာအောင်ဘာတွေလုပ်ရလဲ?

Website ပေါ် လာအောင်ဘာတွေလုပ်ရလဲ?

SEO plugin Yoast ကို အသုံးပြုနေစဉ် “Focus Keyword” ဆိုတဲ့ စကားလုံးကို လူတိုင်းတွေ့ဖူးကြရပါလိမ့်မယ်။ ကိုယ်ရဲ့ ရေးသာထားသော Post များကို SEO လုပ်ရန်အတွက် သင့် ဒီ SEO plugin ကို သုံးဖိုစဉ်းစားလာနိုင်တာမို့ ကျွန်တော် Yoast SEO plugin ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော “Focus Keyword” အကြောင်းလေးကို ကျွန်တာ်သိသလောက်လေးကို ရှယ်ပေးခြင်း ဖြစ်ပါတယ်။

ဒါဆိုစလိုက်ကြရအောင် –

Focus Keyword ဆိုတာဘာကို ပြောတာလဲ?

ကိုယ်ရဲ့ Page ထည့်မှာရှိတဲ့ content တွေက Search Enginge Optimization ရဲ့ စွမ်းဆောင်ချက်တွေကို ရလာအောင် ( တစ်နည်းအားဖြင့် ပြောရလျှင် search engine ကသိလာအောင် ) WordPress Plugin Yoast SEO က အသုံးပြုတဲ့ စကားစုတစ်စုကို ဆိုလိုခြင်းဖြစ်ပါတယ်။ သင့်ရဲ Page တွေမှာ ရှိတဲ့ Content တွေကို သိဖို့ Yoast က Focus Keyword ဆိုတဲ့ စကားလုံးကို အသုံးပြုပါတယ်။ Yoast က Focus Keyword ပေါ်မူတည်ပြီးတော့ ကိုယ်ရဲ့ Page, Post တွေမှာရှိတယ် content တွေကိုလိုက်ကြည့်ပါတယ်။ ကိုယ်အသုံးပြုထားတဲ့ Keyword နှင့် ပတ်သက်ပြီး Page တွေ Post တွေမှာ Content လုံလောက်စွာ ရေးထားတယ်ဆိုလျှင်တော့ Search Engine ကဒီ Keyword ပေါ်မူတည်ပြီး ကျွန်တော်တို့ Content တွေကို ပြပေးပါတယ်။

သိထားရန်း –

• Yoast SEO က ကျွန်တော်တို့ website မှာ Keyword နှင့် ပတ်သက်ပြီး မည်သည့် HTML Code ကိုမှအသုံးမပြု ပါဘူး။

• ကျွန်တော်တို့ input field မှာ ထည့်လိုက်သော စကားစုသည် SEO ရဲ့ ချိတ်ဆက်မှုကိုရရန်သာ ဖြစ်ပါတယ်။

Focus Keyword ဆိုတာကေတာ့ –

• သင့်ရဲ့ Page တွေမှာရှိတဲ့ content တွေက ဘယ်လို Content တွေဆိုတာကို ဖော်ပြ ပေးသော စကားစုတစ်စုဖြစ်သည်။

• သင့်ရဲ့ site မှာရှိသော Page တွေကို Search Engine ကသိလာအောင် အသုံးပြုသော စကားစုတစ်စု ဖြစ်သည်။

• သင်ရဲ့ Website ထည့်မှာရှိတဲ Content အားလုံးရဲ အကျဉ်းချုပ် ကိုဖော်ပြပေးသော စကားစုတစ်စု ဖြစ်တယ် ဆိုပြီတော့ ပြောလိုရပါတယ်။

Focus Keyword ဆိုတာက သင့်က Google ကို ကိုယ်ရဲ့ site ရဲ့ အဆင့်သတ်မှတ်ရန် အတွက် ပြောသောစကားလုံးမဟုတ်ပါဘူး။ ဒါက ကိုယ်ရဲ့ Page Content တွေကို Google ကသိလာအောင် ချိတ်ဆက်ပေးနိုင်သော စကားစုတစ်စုသာ ဖြစ်ပါသည်။

အဲဒါကြောင်ကိုယ်ရဲ့ Focus Keyword သည် ကိုယ်ရဲ့ Website Page’s တွေမှာ အသုံးပြုထားသော စာသား (Content) တွေနှင့် ဆိုင်သော စကားစုတစ်စု ဖြစ်မှာသာ Google Searchers တွေက ဒီ Keyword ကို အသုံးပြုပြီး Google Search Box မှာရှာလိုက်သောအခါ ကျွန်တော်တို့ ၏ content တွေကို ရရှိလာမည်ဖြစ်သည်။

ဒါဆိုရင်တော့ သင့်မှာ Focus Keyword နှင့် ပတ်သက်ပြီး Basic Knowledge ရှိပြီလို့ပြောလို့ရပါပြီ။ ပိုပြီရှင်းအောင်ကျွန်တော်တို့ လက်တွေ့ Example တစ်ခုနှင့် ကြည့်ရအောင်ဗျ – အောက်ကစာပိုဒ်ကိုဖတ်ပြီး ကျွန်တော်တို့ စကားစု (keyword ကို) ကို ဘယ်လို ရွေးချယ်သင့်လဲ? ဆိုတာကိုစဉ်စားကြည့်ရအောင်ဗျ –

“Paracetamol” စကားစုကို အသုံးပြုပြီး ကျွန်တော်တို့ Google Search မှာ ရှာကြည့်ရအောင်ဗျ –

First Page မှာရလာတဲ့ Result တွေကို သတိထားကြည့်ပါ –

ဓာတုဖွဲ့စည်းမှု, ဆေးဘက်ဆိုင်ရာအသုံးပြုမှု, ဘေးထွက်ဆိုးကျိုး, ဆနျ့ကငျြမူးယစ်ဆေးဝါးများ, အသုံးပြုမှုကြိုတင်ကာကွယ်မှုများ, သောက်သုံးသောကန့်သတ်စသည်တို့ paracetamol လို့ခေါ်တဲ့ယေဘုယျမူးယစ်ဆေးများ.

ဒါဆို ကျွန်တော်တို့ ဒီဆောင်းပါးနှင့် ပတ်သက်ပြီး Focus Keyword ဘာဖြစ်ရမလဲ? လို စဉ်းစားနိုင်ပြီလိုထင်ပါတယ်။ ဟုတ်ပါတယ်, အဲဒါကေတာ့ “Paracetamol” ပါ။

ဘာကြောင့် Paracetamol ကိုရွေးချယ်ရတာလဲ?

ဘာကြောင့်လဲ ဆိုတော ဒီ ဆောင်းပါးမှာပါသော အသေးစိတ် အကြောင်းအရာ ဖော်ပြချက်များသည် Paracetamol ကိုဖော်ပြထားသောကြောင့်ဖြစ်သည်။

ဒါဆိုမိတ်ဆွေတို့အာလုံး “Focus Keyword” ဆိုတာဘာလဲ? Focus Keyword ကိုဘယ်လိုရွေးချယ်သင့်လဲ? ဆိုတာကို နာလည်ပြီလိုထင်ပါတယ်။

မိတ်ဆွေအနေနှင့် တစ်စုံတစ်ခုကိုသိလိုက်ရတဲ့ ဆိုလျှင် Share ဖို့မမေ့ကြပါနှင့်အုံးဗျ။ အချိန်ပေးဖတ်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

Web Design and Development နှင့်ပတ်သက်ပြီး Services များကို သိရှိရန်အတွက် Myanmar Web Store ကို အချိန်မရွေးဆက်သွယ်မေးမြန်နိုင်ပါသည်။ Myanmar Web Store သည် website ပြုလုပ်ခြင်းများနှင့်ပတ်သက်သော ကိစ္စအဝဝအား အကောင်းမွန်ဆုံး ဝန်ဆောင်မှု ၊ အချိုသာဆုံးနှုန်းထားများဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကျ တာဝန်ယူပြုလုပ်ပေးလျက်ရှိပါသည်။

ဆက်စပ်ဆောင်းပါးများ – သင့်Websiteတွင် AI သုံးသင့်တဲ့အကြောင်းအရင်းများ

ကဲ့သို့ & ကျွန်ုပ်တို့၏ Facebook ကိုလိုကျနာ – Myanmar Web Store

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်