Myanmar Web Store
We build Awesome Website


What is Proxy Server?

Proxy ဆိုကတည်းက ကြားခံအဖြစ်ဆောင်ရွက်ပေးသည်လို့ အဓိပ္ပယ် ရပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်တို့ အသုံးပြုနေသော device နှင့် server တို့သည် public network မှတစ်ဆင့် တိုက်ရိုက် ချိတ်ဆက်နေပါတယ်။ Proxy serverကို အသုံးပြုမယ်ဆိုရင်တော့ ကျွန်တော်တို့ အသုံးပြုနေသော computer နှင့် server ကြားမှာ middle man အဖြစ် Proxy ကအလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ အကယ်၍ ကျွတော်က computer မှ request တစ်ခုပို့လိုက်တယ်ဆိုပါစို့ အဲဒီ request က အရင်ဆုံး Proxy Server ထံသို့ ရောက်ရှိမည်ဖြစ်သည်။ Proxy server မှတစ်ဆင့် internet ပေါ်သို့ပြန်လည်ရောက်ရှိသွာပြီး server ကို ကျွန်တော်ရဲ့ request data တွေကိုပို့ပေးပါတယ်။ Server က အဲဒီ request data တွေကို ကြည့်ပြီး Proxy Server ထံသို့ ပြန်လည်း response data ပို့ပေးပါတယ်။ Proxy Server က အဲဒီ Response Data တွေရရှိလာပြီးဆို့ရင် end user ဖြစ်တယ် ကျွန်တော်ရဲ့ device ကိုပြန်ပေးပါတယ်။
ကျွန်တော်တို့ က Proxy မခံဘဲ တိုက်ရိုက်အသုံးပြုလို့ ရနေတာကို ဘာဖြစ်လို့ proxy ခံပြီးသုံးရမလဲဆိုတာ မိတ်ဆွေတို့ စိတ်မှာ တွေးမိနေလောက်ပါပြီး။ အဲဒါကို ပြောရရင်တော့ အောက်က အားသားချက်တွေကြောင့်ဖြစ်ပါတယ်…

  1. Hide Your IP Address
    Proxy Server က Request ကို data server ဆီသို့ ပိုပေးတဲ့ အခါ ကျွန်တော်တို့ရဲ့ Device IP ကို အသုံးမပြုဘဲ အခြား IP ကို အစားထိုးပြီး server ထံသို့ request ကိုပို့ပေးပါတယ်။ ဒီလို proxy server က ကိုယ်ပိုင် IP တစ်ခုကို အစားထိုးပြီး data တွေပေးပို့သောကြောင့် ကိုယ့် device ရဲ့ IP address, Location တို့ကို Hacker, Tracker နှင့် Government agencies တွေက အလွယ်တကူ Track လုပ်လို့မရတာမို့ security က ပိုပြီးစိတ်ချရမှာပါ။
  2. Blocked Website Browsing
    ကျွန်တော်တို့ နိုင်ငံမှာ Facebook က block ဖြစ်နေတယ်ဆို့ပါစို့, အဲဒါကို ကျွန်တော်တို့က ပုံမှန်အားဖြင့် access လုပ်လို့ရမှာမဟုတ်ပါဘူး။ Block လုပ်တယ်ဆိုကတဲ့က ကျွန်တော်တို့ နိုင်ငံမှာ ရှိတယ် Proxy Server မှာ Facebook ရဲ့ IP address ကိုပိတ်ထားတာဖြစ်ပါတယ်။ ဒီလို case မှာ ကျွန်တော်တို့က အခြားနိုင်ငံရဲ့ Proxy server ကို အသုံးပြုပြီးတော့ Facebook ကို access လုပ်လို့ရပါတယ်။ ဥပမာ- ကျွန်တော်က Australia ရဲ့ Proxy server ကို အသုံးပြုတယ်ဆိုရင် ကျွန်တော်တို့ request သည် အရင်ဆုံး Australia ရဲ့ Proxy Server ကို ရောက်မယ် ပြီးမှ Proxy မှာ တစ်ဆင့်သူရဲ့ ကိုယ်ပိုင် IP ကို အစားထိုးပြီး Facebook server ကိုပို့ပေးပါမယ်။ ထို့နည်းတူ Facebook server က data တွေကို Australia ရဲ့ Proxy server ထံသို့ ပို့ပေးမယ်, Proxy Server မှ လက်ခံရရှိသော data တွေကို ကျွန်တော်တို့ရဲ့ device ဆီကို ပြန်ပို့ပေးမှာဖြစ်ပါတယ်။
  3. Speed
    Proxy server က data တွေကို မြန်ဆန်စွာ ပို့ပေးနိုင်ပါတယ်။ ဘာဖြစ်လို့ လည်ဆိုတော့ Proxy Server က data တွေ ရရှိလာပြီး ဆိုရင် အဲဒီ data တွေကို end user ကို ပို့ပေးသလို copy ပွားပြီး Cached အနေနှင့်လည်သိမ်းထားပေးသောကြောင့်ဖြစ်ပါတယ်။
  4. Activity Login
    Activity Login ကို ပြောရရင်တော့ Proxy Server ရဲ့ Manager တွေကတော့ ဒီ Proxy Server မှ တစ်ဆင့် access လုပ်တဲ့ လူတွေ ရဲ့ information တွေကို ကြည့်နိုင်မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဒီ user တစ်ယောက်က ဘာကိုကြည့်နေလည်း, ဘယ်လောက်ကြာကြာ ကြည့်လည်း စသည့် ဖြင့် information တွေကို ကြည့်နိုင်မှာဖြစ်ပါတယ်။ ဒီဟာတွေကို တစ်ချို့ Company ကြီးတွေက ကိုယ့်ရဲ့ employee တွေက ဘာကိုတော့ access လုပ်တယ်, ဘာကိုတော့ မလုပ်ဘူး စသည့်ဖြင့် သိနိုင်ဖို့အတွက်အသုံးပြုလေ့ရှိပါတယ်။
  5. Access Control
    Proxy Server မှာ user က ဘာတွေအသုံးပြုလဲဆိုတာကို ကြည့်နိုင်သလို့ , ဘာတွေကို တော့ ကြည့်ခွင့်ပေးမယ်ဘာတွေကိုတော့ မပေးဘူးဆိုတာကို လည်း control လုပ်နိုင်မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ Proxy Server ရဲ့ Manager တွေက ကိုယ့်ရဲ့ user တွေကို အသုံးမပြုစေခြင်းတဲ့ contents တွေကို ပိတ်ထားနိုင်ပါတယ်။
  6. Security
    Proxy server ကိုသုံးတယ်ဆိုရင် ကိုယ်ရဲ့ IP က hide ဖြစ်သွာသောကြောင့် Third party အဖွဲ့အစည်း, Government Agencies တွေက ကိုယ်ရဲ့ data တွေကို access မလုပ်နိုင်ပါဘူး။ ဘာလုပ်လည်းဆိုတော့ ကိုယ်ရဲ့ request တွေက တိုက်ရိုက်မသွားဘဲ Proxy မှတစ်ဆင့် သွယ်ဝိုက်သောနည်းဖြင့် သွားသောကြောင့်ဖြစ်ပါတယ်။

Our Facebook Page: Myanmar Web Store

ကြှနျုပျတို့ကိုဆကျသှယျရနျ : Myanmar Web Store

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်