Myanmar Web Store
We build Awesome Website


Websiteတိုင်းအတွက်မရှိမဖြစ်လုံခြုံရေးSSL

SSL Security for Websites

✅Websiteတိုင်းအတွက်မရှိမဖြစ်လုံခြုံရေးSSL

SSL ရဲ့ အရှည်ကတော့ Secure Socket Layer ဖြစ်ပါတယ်။
အင်တာနက် ဆက်သွယ်မှုကိုလုံခြုံအောင်ထိန်းထားပေးတဲ့ စံစနစ် ဖြစ်ပီးတော့ Server နဲ့ Client ကြားအရေးကြီးတဲ့ ထိလွယ်ရှလွယ်တဲ့ အချက်အလက်တွေ ပေးပို့မှုကို ကြားဝင်နှောင့်ယှက်မှုမှ သော်လည်းကောင်း ပို့လိုက်တဲ့ ဒေတာအချက်အလက်တွေကိုကြားဝင်ပီးပြင်ဆင်ခြင်းတွေကို ကာကွယ်ပေးထားတဲ့စနစ်ဖြစ်ပါတယ်။

Server နဲ့ Client ဆိုတာကတော့ ဉပမာအနေနဲ့ပြောရရင် Website တစ်ခုခုနဲ့ Browser ပါ။ Server ကနေ Server လည်းဖြစ်နိုင်ပါတယ်။ SSL က User နဲ့ Website အကြား ပေးပို့လိုက်တဲ့ ဒေတာတွေကို ကြားဝင်ဖတ်ရှုလို့မရအောင် ပြုလုပ်ပေးပါတယ်။ SSL က ဝှက်စာစနစ်နဲ့သွားတာဖြစ်ပါတယ်။ ဒါကြောင့် Website နဲ့ Browserကြားမှာ ပေးပို့တဲ့ ကူးပြောင်းတဲ့ အချက်အလက်တွေကို လုံခြုံမှုရှိစေမှာဖြစ်ပါတယ်။

✅Website တစ်ခုမှာ SSL ပါမပါ ဘယ်လိုသိနိုင်မလဲ??

Website တစ်ခုကို Browser ကနေ ဝင်လိုက်တဲ့အခါမှာ SSL ပါဝင်ပါက URL/ Link ရဲ့ရှေ့မှာ 🔒ဟု သော့ပုံလေး (သို့) https ကိုတွေ့ရမှာဖြစ်ပါတယ်။ အကယ်၍ SSLမပါဝင်ပါကBrowserမှတစ်ဆင့် URL/ Link ရဲ့ရှေ့မှာ Warning သင်္ကေတလေးပါဝင်တဲ့❗Not Secure (သို့) http လို့ပြနေမှာဖြစ်ပါတယ်။

ကျွန်တော်တို့ Myanmar Web Store မှအပ်နှံသော Website တိုင်းကိုလုံခြုံမှုရှိစေရန် SSL certificate ထည့်သွင်းပြုလုပ်ပေးပါသည်။

SSL ဖြင့် Websiteတိုင်းလုံခြုံမှုရှိစေဖို့ Myanmar Web Store မှာ အခုပဲ Website အပ်နှံကြပါစို့။

မြန်မာနိုင်ငံရှိလုပ်ငန်းတိုင်း Website ရှိရမည်။
website design & development service in Mandalay

ကြှနျုပျတို့ကိုဆကျသှယျရနျ: Myanmar Web Store

Our Facebook: Myanmar Web Store

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်