Myanmar Web Store
We build Awesome Website


အကောင်းဆုံးဒိုမိန်းNameတစ်ခုဘယ်လိုရွေးချယ်မလဲ??

Great Domain Name choosing for your business , company or services

မိတ်ဆွေ၏ ဒိုမိန်းအမည်က မိတ်ဆွေ၏လုပ်ငန်းနဲ့ထပ်တူညီတဲ့ အွန်လိုင်းပေါ်ကမှတ်ပုံတင်တစ်ခုပါ။
အင်တာနက်လိပ်စာဖြစ်တဲ့ ဒိုမိန်းအမည်က စီးပွားရေးအောင်မြင်မှုတွေကို အမြန်ဆုံးရရှိအောင်ကူညီပေးနိုင်မယ့်အရာ (သို့) မိတ်ဆွေရဲ့ goalကို အမြန်ဆုံးပြည့်မီ ထိမိစေမည့်အရာလည်းဖြစ်ပါတယ်။

ဒါကြောင့် Domain Nameကောင်းကောင်းတစ်ခုရဖို့ ဘာတွေလုပ်ရမလဲဆိုတာ သိဖို့ကလည်းအရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
အခုမှ Domain Nameတစ်ခုပြုမည့်သူများအတွက် မိတ်ဆွေရဲ့ စီးပွားရေးလုပ်ငန်း၏ နာမည်တိုတစ်ခုဖြစ်ရင်အကောင်းဆုံးပါ။

ဉပမာအားဖြင့် မိတ်ဆွေ၏လုပ်ငန်းက ပြတင်းပေါက်သန့်ရှင်းတဲ့လုပ်ငန်း- Cleaning Windows ထားပါတော့။မိတ်ဆွေက Domain Nameအတွက် window နှင့် cleaning/ cleanဆိုသော အဓိကစကာလုံးများထည့်သွင်းရန်လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ဒီစကားလုံးများက မိတ်ဆွေ၏ဝန်ဆောင်မှုလုပ်ငန်းကို လူအများက လိုအပ်သည့်အခါရှာဖွေမည့်စကားလုံးများဖြစ်လို့ပါ။

ဂဏန်းဖြစ်စေ စာလုံးပေါင်းဖြစ်စေ နံပါတ်များနှင့် ဒက်(ရှ်) (-) dashesများက ရှုပ်ထွေးမှုဖြစ်စေပါတယ်။မိတ်ဆွေ၏Online Adressဖြစ်တဲ့ Domain nameကို Customerများက မှတ်မိစေရန်စိတ်ပိုင်းဆိုင်ရာအားဖြင့်အခက်အခဲဖြစ်စေနိုင်ပါတယ်။

အတိုဆုံးစကားလုံးသုံးလုံးဖြစ်တဲ့ bestwindowcleaning.com ဟူသောစကားလုံးက နံပါတ်တွေ ပါဝင်တဲ့1-windowcleaning4u.com ထက်ပိုပြီး ရေးရတာ မှတ်မိရတာပိုပြီးလွယ်ကူစေပါတယ်။

ပြည်တွင်းစီးပွားရေးအတွက် မြို့နာမည် တိုင်းပြည်နာမည် ပြည်နယ်နာမည် စသည့်ပါဝင်တာက Customerများက ပိုပြီးမှတ်ရလွယ်ကူစေပါတယ် -> ဉပမာ myanmarwindowcleaning.com/ windowcleaningmyanmar.comစသည့် ဒိုမိန်း nameက bestwindowcleaning.com ထက်ပိုပြီး ပြည်တွင်းဒေသတွင်းစီးပွားရေးလုပ်ငန်းများအတွက် ကောင်းသလို ကိုယ်ပစ်မှတ်ထားချင်တဲ့ customer Targetလည်းမှန်စေပါတယ်။

နောက်ထပ် ထပ်ပြီးပြောပြချင်တာက . (dot) ရဲ့နောက်က အပိုင်းဖြစ်ပါတယ်။ မိတ်ဆွေ၏လုပ်ငန်းအတွက် ဒိုမိန်းကို .com ရနိုင်လျှင် .com သုံးပါ။.com ဒိုမိန်းအမည်က မှတ်မိလွယ်ပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုတဲ့ Domain ဖြစ်လို့ပါပဲ။ သို့သော် .com ကိုအသုံးပြုခြင်းက လူကြိုက်များတဲ့အတွက် နာမည်ရွေးချယ်ရာမှာ စိန်ခေါ်မှုအနည်းငယ်ရှိနေနိုင်ပါတယ်။

.com ကဲ့သို့ အခြားနာမည်ကြီးတဲ့ extensionများကတော့ .net ၊.org .info .bizဖြစ်ပါတယ်။ထို့အပြင် .gury .shop .nyc .actor စသော extensionများလည်း အခုပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

ဒီ ဖော်ပြချက်များက မိတ်ဆွေ၏စီးပွားရေးကို အကောင်းဆုံးကိုယ်စားပြုပြီး မိတ်ဆွေ၏ Company/ ကုန်အမှတ်တံဆိပ်ကို ကောင်းစွာမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

မိတ်ဆွေ၏အမှတ်တံဆိပ်ကို Websiteပြုလုပ်ဒိုမိန်းဝယ်ယူခြင်းဖြင့် နာမည်တူတခြားလုပ်ငန်းများက ကိုယ့်ထက်ဉီးစွာဝယ်ယူမှာကို ကာကွယ်ထားနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ပြောရလျှင် Domain Nameနှင့်တကွ Websiteပြလုပ်ပါ၊ မြန်မြန်ပြုလုပ်လေ ကိုယ်နှစ်သက်တဲ့ ဒိုမိန်းနာမည်ကို ပိုင်ဆိုင်နိုင်လေဖြစ်ပါတယ်။

မိတ်ဆွေနှစ်သက်တဲ့ ဒိုမိန်းနာမည် ကို အခြားတစ်ယောက်ယောက်ကမပြုလုပ်မီ မိတ်ဆွေက လက်ဉီးမှုရယူဖို့

အခုပဲမိတ်ဆွေနှစ်သက်တဲ့ ဒိုမိန်းအမည်နှင့်တကွ Websiteပြုလုပ်လိုက်ပါ။ Websiteပြုလုပ်မည်ဆိုပါက ကျွန်တော်တို့ Myanmar Web Storeကိုအပ်နှံလိုက်ပါ၊။

Myanmar Web StoreမှာWebsiteပြုလုပ်သင့်တဲ့အကြောင်းအရင်းထဲက တစ်ခုကတော့ပြုလုပ်ပေးတဲ့ Websiteတိုင်းက Premiumအဆင့်Design ရှိနေလို့ပါ။လူကြီးမင်းလုပ်ငန်းWebsiteကို မြန်မြန်ဆန်ဆန်နှင့်မှန်မှန်ကန်ကန် ရရှိအောင် ဝန်ဆောင်မှုပေးနေပါပြီ။


Myanmar_Web_Store
မြန်မာနိုင်ငံရှိလုပ်ငန်းတိုင်းWebsiteရှိရမည်။
Website design & Development Service in #Mandalay
domain / domainname/ domainneames

How to choose great domain name for your company or business? 
Myanmar Web Store
We built awesome websites

*Facebook Page တွင် စာများဖတ်ရှုနိုင်ပါသည်: Myanmar Web Store

ကြှနျုပျတို့ကိုဆကျသှယျရနျ: Myanmar Web Store

See Our Blog

မှတ်ချက်များ

  1. Just wanna state that this is very helpful , Thanks for taking your time to write this. Karlee Leopold Gibeon

  2. I was able to fund good advice from your blog articles. Katalin Judah Clance

  3. You made some decent points there. I did a search on the topic and found most guys will agree with your website.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်