သင့်Websiteတွင် AI သုံးသင့်တဲ့အကြောင်းအရင်းများ

Why You Should Use AI on Your Website ?
Artificial Intelligence (AI) ဥာဏ်ရည်တုဆိုတာ ဘာလဲ?
AI ကို 1956လောက်က စပြီးယူဆခဲ့ကြပေမဲ့ ယနေ့ခေတ်မှာဆိုလျှင် AIနဲ့ပတ်သတ်ပြီး အပြင်းအထန် အားစိုက်လုပ်ဆောင်နေကြပြီ။အတိုချုပ်ပြောရရင်AI ကို လူစွမ်းရည်တိုးပွားဖို့နှင့် အလုပ်ပြီးမြောက်ဖို့ဒီဇိုင်းရေးဆွဲထားပါသည်။တကယ်တော့ AI ကလုပ်ဆောင်ချက်တွေကို မြင့်တင်ပြီး ဆုံးဖြတ်ချက်တွေချမှတ်ကာ သင်ယူပါတယ်။AI program ကိုသုံးပြီးလူသားတွေ၏လုပ်ဆောင်ချက်တွေပြီးစီးစေဖို့ပုံစံတွေရှာဖွေကာဒေတာတွေအများကြီးကိုခွဲခြမ်းစိတ်ဖြာမှုတွေကို ပြုလုပ်ပေးပါသည်။
ယနေ့ခေတ်မှာဆိုလျှင် facebook, gmail, paypal ကဲ့သို့သောAppတွေ စီးပွားရေးလုပ်ငန်းတွေwebsiteတွေကစ AI ကိုအသုံးပြုလာကြပါပြီ။
ဥပမာ- မြင်လွယ်အောင်ပြောရရင် facebook မှာ မိမိ friendlist ထဲမှတယောက်ယောက်ပါသောပုံအားတင်ပါက ထိုသူအားAuto tag တွဲခြင်းစသည်ဖြင့်
Website Development နယ်ပယ်ထဲက AI
AI နည်းပညာအတွက် Application တွေအများကြီးရှိနေစဉ်တဆက်တည်းမှာပဲ AI နည်းပညာကို အသုံးပြုပြီးWebsite Development အတွက်အဖြေရှာခြင်းကဆန်းကြယ်မှုတစ်ခုပါပဲ။သင့်Website မှာ AI ကို အသုံးပြုသင့်တဲ့အကြောင်းပြချက်တချို့ကတော့
1.website ရဲ့တုန့်ပြန်မှုကို AI ကမြင့်တင်ပေးခြင်း(AI Enhances Website Interactions)
သင့်၏website ကိုလာရောက်သူတွေကိုနဲ့ဆက်သွယ်မှုကိုပိုကောင်းအောင်AIရဲ့ feature တချို့က ပြုလုပ်ပေးပါသည်။ဆက်သွယ်မှုအတား
အဆီးများကိုကျော်ဖြတ်ပြီး အချိန်တိုအတွင်းresponse ရစေမှာပါ။ဥပမာ chatbotကသင့်website ကိုလာလည်သူတွေအတွက် လွယ်ကူအောင်
ဆောင်ရွက်ပေးပါလိမ့်မည်။
အနာဂတ်နည်းပညာများကြောင့် chatbot ဟာလူတွေရဲ့စိတ်ခံစားမှုတွေကိုပါသိရှိလာနိုင်ပြီးတကယ့်လူထုအသင်းအဖွဲ့နီးနီး
website visitor တွေကို ကူညီပေးနိုင်လာမည်
2.AIကရှာဖွေမှုတွေကို ပိုမိုကောင်းမွန်အောင်မြှင့်တင်ပေးခြင်း (AI Enables Improved Searching)
သင့်Websiteကို visitor တွေလာလည်တဲ့အခါမှာ သူတိုင်းinformationတွေကိုလျင်လျင်မြန်မြန်သိချင်ကြတယ်။အဖြစ်နိုင်ဆုံးသော AI ရဲ့ feature
တခုကတော့အသံဖြင့်ရှာဖွေခြင်းပါပဲ။လူငယ်ပရိတ်သတ်များကြားမှာဆိုရင်ပုံမှန်ရှာနေကျနည်းလမ်းများထက်အသံဖြင့်
ရှာဖွေခြင်းကရေပန်းစားလာသည်။အသံဖြင့်ရှာဖွေခြင်းကမကြာမီအချိန်ကာလအတွင်း Website Development အတွက်မရှိမဖြစ်အစိတ်အပိုင်း
ဖြစ်လာတော့မည်။ထိုအရာများသည် Speech Recognition ကဲ့သို့ အရာများဖြစ်ပြီး Deep Learning နည်းပညာဖြင့်အလုပ်လုပ်ပါသည်။
Speech Recognition က AI program ကို အသုံးပြု ပြီး ပြောလိုက်တဲ့ဘာသာစကားကို ဘာသာပြန်ကာ စာသားအဖြစ်ပြောင်းလဲပေးမည်ဖြစ်သည်။
3.AIကကိုယ့်ရဲ့ Customer တွေကို အဆင်ပြေ စေခြင်း( AI Makes the Customer Experience More Relevant)
AIက ပြုလုပ်ပေးတဲ့တခြားတစ်ခုကတော့ သင့်website အသုံးပြုတဲ့userတွေက ဘာလို ပုံစံမျိုးတွေနှစ်ခြိုက်လဲဆိုတာကိုကူညီပေးပါလိမ့်မည်။
နောက်ပြီးAI ကသင့်website ကိုလာလည်သူတွေက ဘာလိုအရာမျိုးတွေကိုဦးစားပေးလဲဆိုတဲ့ သဘောထားတွေကိုတွက်ချက်ပေးနိုင်လိမ့်မည်
ထိုကဲ့သို့ website visitor တွေရဲ့အတွေ့အကြုံကိုတွက်ချက်ကာcustomer တွေနဲ့ချိတ်ဆက်မှု( engagement) ကိုမြှင့်တင်ပေးပါလိမ့်မည်။အဲ့ဒီAI feature က personalized Ads များပြသပေးကာ အကြံပြုချက်များ ကမ်းလှမ်းချက်များပြုလုပ်ပေးမည်ဖြစ်သည်။ထိုအရာကသင့်၏အကြောင်းအရာများကို သင့်ပစ်မှတ်ထားသော လူများရောက်အောင်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
4 AIကဈေးကွက်ရှာဖွေမှုMarketingကိုအကျိုးရှိအောင်ပြုလုပ်ပေးခြင်း (AI Makes Marketing More Effective)
AIက online marketer တွေအတွက် Machine Learningမှတစ်ဆင့်ထူးထူးခြားခြားအခွင့်အရေးများကိုပေးပါလိမ့်မည်။ထိုဟာကတော့စားသုံးသူတွေရဲ့ဝယ်ယူမှုကိုအခြေခံပြီးတိကျတဲ့ဈေးကွက်ကို ခန့်မှန်းပြီးဈေးကွက်ဖန်တီးနိုင်မည်ဖြစ်သည်။customer တွေကနောက်ဘာဝယ်ချင်လဲ သင့်တော်တဲ့ဈေးနှုန်းက ဘာလဲ ဘယ်လိုဟာမျိုးကို ဝယ်ယူရတာကြိုက်နှစ်သက်လဲဆိုတာခွဲခြမ်းစိတ်ဖြာမှုတွေပြုလုပ်ကာဈေးကွက်လှုပ်ရှားမှုများ
ကို AI ကပြုလုပ်ပေးပါလိမ့်မည်။သင့်၏ဈေးကွက်ရှာဖွေမှုကို အကျိုးရှိရှိဖြင့်ကြီးကြီးမားမားတိုးတက်စေမည်ဖြစိသည်။
Websiteပြုလုပ်လိုသောလူကြီးမင်းတို့အတွက်လူကြီးမင်းတို့စိတ်တိုင်းကျ ဖြစ်အောင် Myanmar Web Store မှ အစအဆုံး ၀န်ဆောင်မှု ပေးနေပါတယ်။
Phone: + 09 979 959 994
Mail: hello@myanmarwebstore.com
Related Articles “Website”- မိမိ Website ကနေ Android Application ပြောင်းနည်း
Recommended Posts

Websiteတိုင်းအတွက်မရှိမဖြစ်လုံခြုံရေးSSL
October 23, 2020

Shared Hosting, VPS Hosting, Cloud Hosting and Dedicated Hosting တွေက ဘာတွေကွာသလဲ? ဘယ်လိုလုပ်ငန်အတွက် ဘယ် hosting ကို ရွေးချေသင့်သလဲ?
October 2, 2020

ဒီနေ့အချိန်မှာရေပန်းစားနေတဲ့React
October 2, 2020