VPN (Virtual Private Network) ကို ဘာအတွက်အသုံးပြုတာလဲ?

VPN သုံးခြင်းသည် ဘယ်လောက်စိတ်ချရလဲ?
Virtual ဆိုတာက အတု, Private ဆိုတာက public network မဟုတ်တာ တစ်နည်းအားဖြင့် ပြောရရင် တစ်ချို့ company တွေက ကိုယ့်ပိုင်း Private အနေနှင့် Server တွေထောင်ပြီး service ပေးထားတဲ့ network လိုပြောလို့ရပါတယ်။ Internet နှင့် ကိုယ်ရဲ့ Device ကြားမှာ စိတ်ချရတဲ့ လမ်းကြောင်းတစ်ခုတည်ဆောက်ပေးပြီး data တွေပေးပို့ နိုင်တဲ့ network ဖြစ်လို့ Virtual Private network လို့ခေါ်ဆိုချင်ဖြစ်ပါတယ်။
VPN ကို ဘာကြောင့် သုံးသင့်သလဲ?
ခရီထွက်တဲ့အခါလိုမျိုးဆိုရင် ကိုယ်က လေဆိပ်, တည်ခိုးခန်းစသည့်တိုက ပေးထားသော pubic network တွေမှာ , အရေးကြီးတဲ့ sensitive data တွေကို ပို့နေတာတို့ဆိုရင် public network ဖြစ်လို့ same network ထည့်မှာ လူအများကအသုံးပြုနေမှာဖြစ်ပါတယ်။ ဒီလို same network ထည်မှာ Hacker တွေလည်ပါနိုင်လို့ စိတ်မချရပါဘူး ကိုယ်ရဲ့ data တွေက encrypted မဟုတ်သောကြောင့် အချက်အလက်တွေကို အလွယ်တကူ ခိုးနိုင်ပါတယ်။ ဒါကတော့ security ရှုထောင့်ကနေပြောထားတာပါ။
နောက်တစ်ခုကတော့ privacy ဖြစ်ပါတယ်။ ဥပမာ- သင့်က တရုတ်ပြည်ကို ခရီးထွက်တဲ့ဆိုပါဆို့ အဲမှာ Facebook, YouTube, Google တို့ကို banned ထားတာကြောင့် ဝင်ကြည့်လို့ရမှာမဟုတ်ပါဘူး။ အကယ်လို့ ကြည့်လို့ရမယ်ဆိုရင်လည်း သူတို့က ဒီ device ဒီ site ကို ချိတ်ဖို့ ကြိုးစားနေတယ် ဆိုတာကို သိနိုင်ပါတယ်။ ကိုယ့်ရဲ device ip ကို trace လုပ်ပြီး ကိုယ့်ရဲ့တည်နေရာကို ကြည့်နိုင်သောကြောင့် ကိုယ်ရဲ့ device မှာ internet banned လုပ်တာတို့, ကိုယ်သုံးနေတဲ့ wifi စက်တွေကို banned လုပ်တာတို့ စသည့် တို့ကိုပြုလုပ်နိုင်ပါတယ်။
နောက်တစ်ခုက access ဖြစ်ပါတယ်။ Netflix ကို ကြည့်မယ်ဆိုရင် ကိုယ်က မြန်မာနိုင်ငံမှာနေပြီး US က သို့မဟုတ် Europe က episode ကြည့်မယ်ဆိုရင် ကိုယ်ရဲ့ တည်နေရပေါ် မူတည်ပြီးပြတာကြောင့် ကွာခြားချက်တွေရှိနိုင်ပါတယ်။ ဥပမာ ကိုယ်ကဲ့ US က IP နှင့် Netflix ကြည့်တဲဆိုရင် US မှာ အသုံးပြုနေသူတို့ မြင်နေရတယ် Library လိုမျိုးကို မြင်ရမှာဖြစ်ပါတယ်။ ကိုယ်ရဲ့ IP ပေါ်မူတည်ပြီး access ကို ပိုင်းခြားထားသောကြောင့် တစ်နေရာနှင့် တစ်နေရာ မြင်ရမယ် မြင်ကွင်းလည်းတူမှာမဟုတ်ပါဘူး။ ဒီပြသာနာတွေရဲ့ အဖြကတော့ VPN ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် VPN သုံးခြင်းဖြင့် Security, Privacy, Access စသည့် ပြဿနာတို့ကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။
VPN ရဲ့ အလုပ်လုပ်ပုံ-
VPN က ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာကိုပြောရရင်တော့- ဥပမာ ကျွန်တော် Netflix ကြည့်တယ်ဆိုပါစို့ ကျွန်တော်ရဲ့ device ကို Point A, Netflix Server ကို Point B, VPN ကို Point C လို့ယူဆမယ်။ VPN မခံထားဘူးဆိုရင် Point A က Point B ကို direct access ရနေမှာဖြစ်ပါတယ်။ ဒီလို့ တိုက်ရိုက်ချိတ်ဆက်မှုပုံစံနှင့် သုံးမယ်ဆိုရင် Point A က point B ရဲ့, Point B က Point A IP address, location တွေကို သိနေမှာဖြစ်ပါတယ်။ ဒီလို့ IP address တွေကို access လုပ်လို့ရသောကြောင့် ကိုယ့်ရဲ့ Privacy တွေက စိတ်ချရမှာမဟုတ်ပါဘူး။ VPN သုံးမယ်ဆိုရင်တော့ Point A နှင့် Point B ကြားမှာ Intermediate Computer လိုမျိုးအလုပ်လုပ်သောကြောင့် တိုက်ရိုက်အလုပ်မလုပ်ပဲ VPN မှတစ်ဆင့် ဖြတ်သွားရပါတယ်။ VPN က Point A က Data ရလာပြီဆိုရင် အဲဒီ data ကို encrypted လုပ်ပြီး Point B တစ်နည်းအားဖြင့် server ကို ပို့ပေးပါတယ်။ အပြန်အလှန် Point B မှာ data တွေကို ပြန်ပို့ပေးသောအခါလည်း encrypted လုပ်ပြီး VPN (Point C) ကို ပို့ပေးပါတယ်။ Point C မှာတစ်ဆင့် data တွေကို decrypted လုပ်ပြီး Point A ကိုပေးပါတယ်။ ဒီလို VPN က point A နှင့် point B ကြားမှာ secure tunnel တစ်ခုတည်ဆောက်ပြီး အလုပ်လုပ်သောကြောင့် data လုံခြုံမှုက 99% စိတ်ချရပါတယ်။ Hack ခံရလို Data တွေပါသွာရင်တောင် encrypted data တွေဖြစ်နေသောကြောင့် အလွယ်တကူ ဖတ်နိုင်မှာမဟုတ်ပါဘူး။ တကယ် advanced hacker ဖြစ်ရင်တောင် decrypted လုပ်ဖို့ တော်တော်ခဲယှဉ်းပါတယ်။ ဒီလို ကိုယ်ရဲ့ Device နှင့် server ကြားမှာ VPN က secure tunnel တစ်ခုတည်ဆောက်ပြီး အလုပ် လုပ်သောကြောင့် server က ကိုယ်ရဲ့ device IP ကို မြင်ရမှာမဟုတ်ပါဘူး, VPN က ပေးပို့ထားသော IP ကိုသာ မြင်ရမှဖြစ်သောကြောင့် Privacy နှင့် Security ကို လုံးခြုံးစေပါတယ်။
အကယ်၍ ကိုယ့်က sensitive ဖြစ်တယ် Data တွေပို့တာ, နေရာ ဒေသပေါ် မူတည်ပြီး block ဖြစ်နေတယ် website တစ်ခုခုသုံးနေရတယ် အချိန် မျိုးမှာ ကိုယ်ကိုယ့်ကို expose မဖြစ်ချင်တယ် အခါမျိုးမှာ VPN ကို သုံးနိုင်တာကြောင့် access ပြဿနာတွေကိုလည်း ဖြေရှင်းပေးပါတယ်။ နီးဂုံးချုပ် အနေနှင့် ပြောရရင်တော့ VPN သုံးချင်းဖြင့် Security, Privacy နှင့် Access ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
Facebook: Myanmar Web Store
Contact Us: Myanmar Web Store
Recommended Posts

What is Proxy Server?
May 18, 2021

Websiteတိုင်းအတွက်မရှိမဖြစ်လုံခြုံရေးSSL
October 23, 2020

အရောင်းဝန်ဆောင်မှုလုပ်ငန်းများအတွက် E-commerce Website
September 10, 2020