Myanmar Web Store
We build awesome websites


ဒီနေ့အချိန်မှာရေပန်းစားနေတဲ့React

React ဟာ ယနေ့အချိန်မှာ အရမ်းဟော့နေတဲ့ Front-end နည်းပညာတစ်ခုပါ။ တစ်ကယ်တော့ Frontend နည်းပညာ အနေနဲ့တင် မကပါဘူး၊ Hybrid Mobile App နည်းပညာ အနေနဲ့ရော၊ Cross-platform Software Development နည်းပညာအနေနဲ့ပါ လူကြိုက်များနေတဲ့ Programming Language တစ်ခုလို့ပြောလိုရပါတယ်။

ReactJS က JavaScript Library တစ်ခုပါ သူ့ကို user interface (UI) or front end applicaction တွေ Develop လုပ်တဲ နေရာမျိုးမှာအသုံးပြုပါတယ်။ ReactJS ကို Facebook က Develop လုပ်ထားတာဖြစ်ပါတယ်။ React.JS က JavaScrip, HTML နှင့် CSS ရဲ့ အခြေခံသိထားသူတိုင်အလွယ်တကူလေ့လာနိုင်သလို သူ့ကို project တွေမှာ အသုံးပြုဖို့ဆိုလျှင်လည်း အလွယ်တကူ implementလုပ် အသုံးပြုနိုင်ပါတယ်။

React မှာ အရာအားလုံးက component တွေနှင့်သွားပါတယ်။ Component ဆိုတာကဘာကို ပြောတာလည်းဆိုရင်တော့ ကျွန်တော်တို့ website တစ်ခုပြုလုပ်တယ် ဆိုပါစို့ Home Page တစ်ခုရှိတဲ့လိုမြင်ကြည့်လိုက်ပါဗျ Home Page မှာဆိုရင် header ရှိမယ်၊ Body မှာ About US, Contact form ရှိမယ် ပြီးတော့ အောက်ဆုံးမှာ Footer စသဖြင့်ရှိမယ်ဆိုပါဆို့ အဲဒီ header, about, Contact, footer စသည့်ဖြင့် section တစ်ခုစီခွဲရေးတာကို component လို့ခေါ်ဆိုချင်ဖြစ်ပါတယ်။ ReactJS က ဒီလို Component တွေနှင့်သွားသောကြောင့် ကြိုက်တဲနေရာမှာပြန်ခေါ်သုံးနိုင်တာမို့ code ရဲ့ redundancy ကို လျှော့ချပေးသလို အချိန်ကိုလည်း သက်သာစေပါတယ်။

သူရဲ့ Performance အပိုင်းကို ပြောရရင်တော့ သူက Virtual DOM ကို အသုံးပြုထားသောကြောင့် အလွန်ပြင်လို့ကောင်းပီး မြန်ဆန်လွန်းလှပါတယ်။ Virtual DOM က ဘယ်လိုအလုပ်လုပ်သလဲဆိုရင်တော့ သူက Component’s ရဲ့ previous state နှင့် current state ကို နှိုင်းယှဉ်ပါတယ်။ ကိုယ်က component တစ်ခုကို ပြင်လိုက်တယ် ဆိုပါစို့ Virtual DOM က Component အားလုံးကို upadate မလုပ်ပဲ ကိုယ့်က ပြင်လိုက်တဲ့ Component ကိုရှားပြီး Real DOM မှာအစားထိုးပေးပါတယ်။ React က ဒီလိုနည်းပညာမျိုးကို အသုံးပြုထားသောကြောင့် သူရဲ performance က အလွန်ပြင်ကောင်းတာကိုတွေ့ရမှာပါ။ ReactJS က performance ကောင်းသလို secured လည်းဖြစ်ပါတယ်။

React မှာ Component တွေတည်ဆောက်တဲ့အခါမှာဆိုလျှင် ES6 (ECMAScript 6) ကဲ့သို နည်းပညာတွေပါလာတာမို့ ES6 ရေးထုံးရေးနည်းကိုတော့သိထားရမှာပါ။ React မှာ ရေထားတဲ့ ES6 syntax တွေကို Browser က နားမလည်ပါဘူး။ ES6 syntax တွေကို Browser နားလည်တဲ့ syntax အဖြစ်ပြောင်းဖို့ဆိုလျှင် နောက်ကွယ်ကနေ Babel Complier က compile လုပ်ပေးပါတယ်။

Facebook: Myanmar Web Store

Contact Us: Myanmar Web Store

Leave a Reply

Your email address will not be published. Required fields are marked *