Myanmar Web Store
We build awesome websites


Website ဆိုတာဘာလဲ?

Website ဆိုတာဘာလဲ? What is website?
**********************

Internet ကိုအသုံးပြု၍ web address ကို browser တွင် ရိုက်ထည့်ပြီး ကျလာသော စာမျက်နှာသည် web page ဖြစ်သည်။ ထို web page များထဲတွင် စာပိုဒ်များ . ရုပ်ပုံများ . video file များ . sound များ . flash ရွေ့လျားနေသော အရာဝတ္ထုများ .မြေပုံများ စသည်တို့ပါဝင်ထည့်
သွင်းနိုင်သည်။

Websites ဆိုသည်မှာ သက်ဆိုင်ရာ web page များကို web address တစ်ခု အောက်တွင်စုစည်း ထားခြင်းဖြစ်သည်။

Web address သည် Domain name ဖြစ်သည်။ ဥပမာ-
www.myanmarwebstore.com
www.facebook.com
www.google.com
www.yourwebaddress.com
www.yourwebaddress.com.mm စသည်ဖြင့် domain name များစွာရှိသည်။

When was the first website created?
*************************************

ကျွန်တော်တို့ အားလုံး ယခုအချိန်မှာ အသုံးပြုနေကြတဲ့ website ခေါ် WWW. ဆိုတဲ့ Internet network system ကြီးကို England နိုင်ငံသား Tim Berners-Lee ဆိုသူမှ CERN လို့ ခေါ်တဲ့ laboratory မှာဖန်တီးခဲ့ပြီး 1991 ခုနှစ် August 6 ရက်နေ့တွင် online ပေါ်သို့ စတင်လွှင့်တင်ခဲ့ပါတယ်။

What is CERN?
***************

CERN ဆိုသည်မှာ Technical Laboratory တစ်ခုဖြစ်ပြီး Conseil Europeen pour la Recherche Nuclaire ၏ အတိုကောက် စာလုံးဖြစ်သည်။ထို Lab ကို 1954 ခုနှစ် September 29 ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ယခုချိန်တွင်ကမ္ဘာအကြီးဆုံး Partical Physicals Laboratory အဖြစ်ထင်ရှားနေပြီဖြစ်သည်။1990 ခုနှစ်တွင် Tim Berners-Lee နှင့် Robert Cailliau တို့မှ CERN တွင် hypertext system ကို အခြေခံပြီး ကျွန်တော်တို့ ယခုအခါ လူသိများနေပြီဖြစ်တဲ့ပထမဆုံး Internet (WWW) ကို စတင်အကောင်အထည်ဖော်ခဲ့သည်။1993 တွင် CERN သည် web system ကို public ချပြခဲ့ပြီး ယခုအခါတွင် အားလုံးသိတဲ့ Internet System ကြီး အဖြစ်သို့ရောက် ရှိနေပြီဖြစ်သည်။

Who creates websites on the internet?
****************************************

Internet ပေါ်တွင် websites များအဖြစ် စီးပွားရေးလုပ်ငန်းဆိုင်ရာများ၊သတင်းမီဒီယာနှင့် နည်းပညာအချက်အလက်များ၊ ပညာရေး နှင့် ဗဟုသုတများ၊ အစိုးရ ဆိုင်ရာ သတင်းဥပဒေရေးရာအချက်အလက်များ သာမက မိမိ ကိုယ်ပိုင် diary သဘောမျိုး Personal အချက်အလက်များကို websites များအဖြစ် တစ်ရက်နှင့်တစ်ရက် မြောက်မြားစွာ internet ပေါ်တွင် ပေါ်ထွက်လာနေပြီဖြစ်သည်။ ယခုအခါတွင် internet ပေါ်ရှိ websites အရေအတွက် မှာ billions နှင့်ချီပြီး ရှိနေပြီဖြစ်သည်။

လူကြီးမင်းတို့ လည်း ခေတ်နှင့်အညီ ကိုယ်ပိုင် websites များ၊ စီးပွားရေးဆိုင်ရာ websites များနှင့် websites နှင့်ပတ်သက်ပြီးစိတ်ဝင်စားမှု ရှိပါက Myanmar Web Store အားဆက်သွယ်၍ မိတ်ဆွေတို့၏ websites နှင့်ပက်သက်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Contact Info:
hello@myanmarwebstore.com
+95 92017178 +65 85006525

Ref: from computer hope

#myanmarwebstore #webdesigns_services #webdesign

Related Articles with websites –သင့်Websites တွင် AI သုံးသင့်တဲ့အကြောင်းအရင်းများ

Leave a Reply

Your email address will not be published.