Shared Hosting, VPS Hosting, Cloud Hosting and Dedicated Hosting တွေက ဘာတွေကွာသလဲ? ဘယ်လိုလုပ်ငန်အတွက် ဘယ် hosting ကို ရွေးချေသင့်သလဲ?

Hosting type တွေကို မပြောခင် ပထမ ကျွန်တော် Hosting ဆိုတာ ဘာလဲ ဆိုတာကို ပြောပြချင်ပါတယ်။ Hosting ဆိုတာက website တွေကို store လုပ်ပေးတဲ့ နေရာပါ, သူ့ကို website တွေ store လုပ်ဖို့ ပြုလုပ်ထားပါတယ် special computer လို့လဲ ပြောလို့ရပါတယ်။ ဒီ special computer တွေကို ကျွန်တော်တို့က server လို့ ခေါ်ခြင်းဖြစ်ပါတယ်။ Server တွေကို ကျွန်တော်တို့က IP address (သို့မဟုတ်) Domain မှ တစ်ဆင့် ဆက်သွယ်ပါတယ်။ ဉပမာအနေနှင့် ပြောရလျှင်တော့ facebook.com ဆိုတာ က Domain Name တစ်ခုဖြစ်ပြီး server မှ store လုပ်ထားတဲ့ သတင်အချက်အလက်များကို ရယူဖို့ အသုံးခြင်းဖြစ်ပါတယ်။

Hosting ဆိုတာကို နားလည်ပြီဆိုလျှင် hosting အမျိုးအစားတွေကို ဆက်ကြည့်ကြမယ်။

1.Dedicated Hosting
Dedicated ဆိုတာကတော့ CPU တစ်ခုလုံးကို ကိုယ့်က hosting အနေနှင့် ယူလိုက်တာကို ပြောတာပါ။ အဲဒီ CPU မှာ ဆိုလျှင် processor ရှိမယ်, Hard Disk ရှိမယ်, ram ရှိမယ် စသည့်တို့ရှိကြတာပေါ့ဗျ။ ဒီဟာရဲ့ ဈေးနှုန်းကို ပြောရရင်တော့ တစ်လကို 125000 ကျပ်ကနေ့ စပြီးမှ 350000 ကျပ်ထိ ဖြစ်နိုင်ပါတယ်။ ကိုယ်က hosting မှာ ဘယ်လို configuration လုပ်ထားလဲ အပေါ်မှာ မှုတည်ပြီး ဈေးနှုန်းက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

2. VPS
VPS ဆိုတာကတော့ Virtual Private Server ကို ပြောဆိုခြင်းဖြစ်ပါတယ်။ RAM 16 GB ရှိတဲ့ CPU တစ်ခု ရှိတယ်ဆိုပါစို့ – အဲဒါကို RAM 2GB အနေနှင့် Virtual Sub Machine 8 ခု ခွဲလိုက်မယ်ဗျ။ အဲဒီ ခွဲထားတဲ့ virtual machine 8ခု ကိုမှ တစ်ယောက်ကို RAM 2GB အနေနှင့် core access ခွဲပြီးပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီလို CPU ရဲ့ RAM ကို အပိုင်းပိုင်းခွဲပြီး ရလာတဲ့ Virtual Machine တွေကို Virtual Private Server (VPS) လို ခေါ်ခြင်းဖြစ်ပါတယ်။ ဒီဟာရဲ့ ဈေးနှုန်းကို ပြောရရင်တော့ တစ်လကို 40000 ကျပ် လောက်ကနေ 180000 ကျပ်လောက်ထိ ဖြစ်နိုင်ပါတယ်။

3. Shared Hosting
Shared Hosting ကို ပြောရရင်တော့ VPS မှာ ခွဲထားတယ် submachine (Virtual Machine) ကိုမှ 4 ယောက် သို့မဟုတ် 10 ယောက် စသဖြင့်ထပ်ခွဲပြီး အသုံးပြုခြင်း ဖြစ်ပါသည်။ VPS ကို user ဘယ်နှစ်ရောက်ကို ခွဲပေးမလဲ ဆိုတာကိုတော့ Shared Hosting ကို ရောင်းချပေးတဲ့ hosting company တွေက သတ်မှတ်ပါတယ်။ အဲဒါကြောင့် Shared Hosting ရဲ့ ဈေးနှုန်းကတော့ အရမ်းကို သက်သာနေတာဖြစ်ပါတယ်။ သူရဲ့ ဈေးနှုန်းကတော့ တစ်လကို 5000 ဝန်းကျင်ကနေ စပြီးရှိပါတယ်။

4.Cloud Hosting
Cloud Hosting မှာဆိုလျှင် ကိုယ်ရဲ့ website သည် multiple server မှ store လုပ်ပေးပါတယ်။ Cloud Hosting မှာ server တစ်ခုနှင့် တစ်ခုသည် အမြဲ ချိတ်ဆက်နေပြီး ကိုယ်၏ လိုအပ်ချက်အရ server ကို ချက်ချင်း (on the go ) update ပြုလုပ်နိုင်ပါတယ်။ ဉပမာအနေနှင့် ပြောရရင် ကိုယ်ရဲ့ website မှာ visitor များလို့ RAM ထပ်တိုးတာတို့၊ Storage ထပ်ချဲ့ တာတို့ကို ချက်ချင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Cloud Hosting တွင် ကိုယ်ရဲ့ website သည် multiple server တွင် store လုပ်ထားပြီး server တစ်ခုနှင့် တစ်ခုသည် internet မှတစ်ဆင့် အမြဲ ချိတ်ဆက်နေပါတယ်။ ဒီလို server တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေသောကြောင့် server တစ်ခု down သွားခဲ့ရင်တောင် အခြား server မှာ resource များကို ရယူနိုင်သောကြောင့် down time သည် မရှိသလောက်ပင်ဖြစ်သည်။

Hosting တွေအကြောင်းနာလည်ပြီဆိုရင်တော့ ဘယ်လိုလုပ်ငန်းအတွက် ဘယ်လို hosting အမျိုးအစားကို အသုံးပြုသင့်သလဲ၊ ဘယ် hosting က ဘာ အားသာချက်တွေရှိလဲ နှင့် ဘယ်လို အားနည်းချက်တွေရှိလဲ ဆိုတာကို ပြောပြချင်ပါတယ်။

ပထမ ကျွန်တော် Share Hosting ကို ပြောပြချင်ပါတယ်။ ကိုယ်က အခုမှ beginner ပုံစံ ဆိုရင် Share Hosting ကို အသုံးပြုသင့် ပါတယ်။ Share Hosting အတွက် ကုန်ကျစရိတ်သည် သိပ်မများသလို ကိုယ်ရဲ့ website ရဲ့ traffic သည် 5000 ဝန်းကျင်လောက်ပဲ ရှိမယ်ဆိုလျှင် share hosting သည် handle လုပ်နိုင်ပါတယ်။ ဒီမှာဆိုလျှင် speed, security နှင့် downtime စသည့် အားနည်းချက်တွေကိုတော့ တွေ့လာနိုင်ပါတယ်။ Share Hosting သည် အခြားသော user များနှင့် share သုံးရသော hosting အမျိုးအစားဖြစ်လို့ အခြား website တစ်ခုခု crash ဖြစ်လို့ server down သွားခဲ့လျှင် ကိုယ်ရဲ့ website လည်း down သွားမှာဖြစ်ပါတယ်။

2020 မှာဆိုလျှင် Virtual Private Hosting ကို အသုံးပြုမည့်အစား ကျွန်တော်ကတော့ Cloud hosting အမျိုးအစားကို အသုံးပြုရတာ ပိုပြီးနှစ်သက်ပါတယ်။ VPS ရောင်းချတဲ့ company တွေမှာဆိုလျှင် တအားအကျိုးအမြတ်ရှိလို့ VPS နှင့် ပတ်သက်ပြီး promote လုပ်ထားတာကိုလည်း အမြာက်အများတွေ့ရမှာပါ။ ဒါကတော့ ကျွန်တော် VPS hosting ကို မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ cloud hosting နှင့် နိုင်းယှဉ်မယ်ဆိုလျှင်တော့ Cloud Hosting သည် ပိုပြီး အားသာချက်တွေရှိပါတယ်။

Cloud Hosting တွင် speed နှင့် security သည် ကောင်းမွန်သလို server down time သည်လည်း မရှိသလောက်ပင် ဖြစ်ပါတယ်။ ပထမ Share Hosting ကို အသုံးပြုပြီး အကယ်၍ ကိုယ်ရဲ့ website မှာ visitor တွေ့ များလာရင်တော့ Cloud hosting ကို အသုံးပြုတာက ပိုပြီးကောင်းတဲ့ Option တစ်ခုလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ Cloud hosting ရဲ့ အကျိုးအမြတ်ကိုတော့ ကျွန်တော် အပေါ်မှာလည်းပြောထားပြီးပြီ ဖြစ်ပါတယ်။ Cloud Hosting သည် VPS hosting ရဲ့ Updated version ဖြစ်လို့ ဈေးကတော့ ကြီးပါတယ်။ တတ်နိုင်ရင်တော့ Cloud Hosting ကို အသုံးပြုဖို့ recommend ပေးပါတယ်။

Dedicated Hosting ကို တော့ Facebook, Amazon, Instagram ကဲ့သို တအားကြီးတဲ့လုပ်ငန်းတွေမှပဲ အသုံးပြုကြပါတယ်။ ပုံမှန်လုပ်ငန်းအနေနှင့် တော့ Dedicated Hosting သည် ဈေးကြီးသောကြောင့် အသုံးမပြုကြပါဘူး။ အကယ်၍ ကိုယ်ရဲ့ website မှာ traffic တအားများလို Cloud Hosting က handle မလုပ်နိုင်မှာ သာ Dedicated Hosting ကို ရွေးချယ်သင့်ပါတယ်။ Dedicated Hosting ကို AWS, SiteGroud, a2 hosting စသည့် Company တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *