Myanmar Web Store
We build awesome websites


လူများထံမှ လေးစားမှုရ အောင်လုပ်သင့်တဲ့ အချက် (၇) ချက်

‌လေးစားမှု Respect သည်လူတိုင်းဆီကအလိုအလျောက်ရရှိသောအရာမဟုတ်ပါ။သင့်အနေနဲ့လူအများဆီကလေးစားမှု (Respect)ရရှိရန်ဒီအချက်တွေလုပ်ဆောင်ရန်လိုအပ်ပါသည်

၁. ယဉ်ကျေးပါ
သင့်၏မိသားစုမှသင့်လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေထိနေ့စဉ်ဆုံတွေတဲ့လူတွေကိုယဉ်ကျေးစွာဆက်ဆံပါ သင်ကိုယ်တိုင်ရရှိလိုတဲ့လေးစားမှုအားတခြားသူတွေအားတူညီစွာပေးပါယဉ်ကျေးမှုဖြစ်စေသောအပြုများကို ရှာဖွေပါ ဥပမာ Storeဆိုင်လိုမျိုးမှာ သင်အနောက်မှာဝင်မယ့်သူများအတွက် တံခါးဖွင့်ပေးခဲ့တာမျိုး ကုန်ပစ္စည်းထမ်းပိုးလာတဲ့သူများကိုသင့်ရှေ့ကအရင်သွားခိုင်းတာမျိုးပေါ့…နောက်တစ်ခုကကျေးဇူးပြု၍နှင့်ကျေးဇူးတင်ကြောင်းကို ဖြစ်နိုင်လျှင်ထည့်သွင်းပြောကြားပေးပါ

၂.လေးစားစွာပြုမူပါ
တခြားသူတစ်ယောက်နှင့်စကားပြောနေစဉ်သင်မျက်လုံးအားမငြိမ်မနေခြင်း/တစ်စုံတစ်ယောက်အားမကောင်းပြောခြင်းစသည်မလေးစားထိုက်သည့် အပြုမူများကိုဖယ်ရှားပါ။ ထိုအပြူမူများသည်သင်နှင့်စကားပြောသူကိုပါမလေးမစားဆက်ဆံရာရောက်သလိုပူးပေါင်းဖြေရှင်းဆောင်ရွက်ရမည့်ကိစ္စများတွင်သင့်ကိုအဟန့်အတားဖြစ်လာစေနိုင်ပါသည်။ယင်းအစားရိုသေလေးစားစွာနားထောင်ခြင်းဖြင့် သင်ကိုယ်သင်မြှင့်တင်ပါ။လူတစ်ဦး၏၏အမြင်နှင့်ထင်မြင်ချက်များကိုသဘောမတူလျှင်ပင်နားထောင်သင့်ပါသည်။သင်၌ရှိတဲ့ပြဿနာကိုဖြေရှင်းနိုင်တဲ့သဲလွန်စတစ်ခုတောင်ရကောင်းရနိုင်ပါလိမ်မည်။

၃.ကောင်းစွာနားထောင်ပါ
ဂရုစိုက်နားထောင်ခြင်းဆိုတာသင်အနေနဲ့တစ်ခြားသူအပေါ်လေးစားရာရောက်ပါတယ်။နားထောင်ပြီးပြန်မပြောခင်စဉ်းစားပါ။ထိုနောက်သင်အကြောင်းပြန်ပြောမယ်အစားစကားပြောကြားသူအားအားဖြစ်စေတဲ့မေးခွန်းလေတွေမေးပေးပါ။ ဒါဟာလူအများစု ကျေနပ်ပိတိဖြစ်သွားစေတဲ့နည်းလမ်းပါပဲ။

၄.ကူညီပါ
သင့်အနေနဲ့ကူညီဖို့အတွက်လက်ကမ်းကြိုဆိုဖို့အသင့်(သို့) တစ်ပါးသူလိုအပ်ချိန် ကူညီဖို့အခွင့်အလမ်းကို နားစွင့်နေခြင်းဖြင့် သင့်အနေနဲ့လေးစားမှုကိုပြန်ရစေမှာပါ။ ဥပမာ- သင်ကတစ်ယောက်ယောက်အတွက် Coffeeတစ်ခွက်လောက်တိုက်နိုင်မလား? စသဖြင့် တစ်နေ့အတွင်း ကူညီမှုများများပြုလုပ်ပါ

helping hand with the sky sunset background

၅.ဆင်ခြေမပေးပါနဲ့
သင်၏ပြုမူဆောင်ရွက်ချက်များသည်သင့်၏ရွေးချယ်မှုအပေါ်မှာအခြေခံသောကြောင့်သင်အနေနဲ့မခန့်မှန်းနိုင်သောအခြေအနေပေါ်မှာဆင်ခြေမပေးပါနဲ့ဥပမာသင်အနေနဲ့နောက်ကျခဲ့မယ်ဆိုလျှင်ဆင်ခြေမပေးပဲနောက်တစ်ချိန်ဘယ်လိုကောင်းမွန်အောင်လုပ်မလဲဆိုတာအခွင့်အလမ်းရှာဖွေသင့်ပါသည်။သင်၏အမှားကိုအာရုံစိုက်မည့်အစား နောက်တခါဘယ်လိုပြင်မလဲဆိုတာကိုယ့်ကိုကိုယ်မေးသင်ပါတယ်

၆.ဒေါသမထွက်ပါနဲ့
ဒေါသထွက်နေချိန်မှာယဉ်ကျေးအောင်နေနိုင်တာကလွယ်တဲ့အလုပ်တော့မဟုတ်ပေမဲ့ဒေါသကိုထိန်းချုပ်ပြီးယဉ်ကျေးပါ။ထိုနောက်အခြေနေကိုယဉ်ကျေးစွာရှင်းပြပါ။ထိုနောက်သင်နှင့်မိတ်ဆွေများအကြားစိတ်အနှောင့်အယှက်ဖြစ်စရာများအား မေ့ပစ်ပြီး ခွင့်လွှတ်ပါ

၇.ပြောင်းလဲလိုစိတ်ရှိပါ
နေရာတိုင်းမှာတော့သင့်ကိုလိုအပ်မှာမဟုတ်ပါဘူး။အားလုံးပြောင်းလဲနေသည်ကိုနားလည်ပါ။စွမ်းရည်အသစ်တွေရှိလာအောင်ပြုလုပ်ခြင်း၊လေ့လာမှုအသစ်တွေပြုလုပ်ပါ၊သင်နေ့စဉ်အပြုမူများကိုပင်စမ်းစစ်ခြင်းဖြင့်သင့်ကိုယ်သင်မြှင့်တင်ပါ။သင့်၏ပြောင်းလဲလာသော အရည်အချင်းများအားသုံးသပ်ပြီးသင်ကိုယ်သင်ချီးကျုးဖို့
မမေ့ပါနဲ့
Respect-လေးစားမှုရရှိမှုရအောင်လုပ်သင့်တဲ့အရာလေးတွေသိသွားပြီးလို့ထင်ပါတယ်ဗျာ
ကိုယ့်ရဲ့ထင်မြင်ချက်ကိုလည်း Commentပေးခဲ့ပါဦးဗျာ

Related Articles-အင်တာနက်နှင့်ပတ်သတ်ပြီးသင်မသိသေးတဲ့အချက်(၅)ချက်

Like&Follow on Facebook- Myanmar Web Store

Comments

  1. Just wanna state that this is very helpful , Thanks for taking your time to write this. Karlee Leopold Gibeon

  2. I was able to fund good advice from your blog articles. Katalin Judah Clance

  3. You made some decent points there. I did a search on the topic and found most guys will agree with your website.

Leave a Reply

Your email address will not be published. Required fields are marked *