Myanmar Web Store
We build awesome websites



သင့်သိထားသင့်သော အကောင်းဆုံး LMS Plugin 4ခု ရဲ့ အားသာချက်နှင့် အားနည်းချက်များ

WordPress site အတွက် သင်က အကောင်းဆုံးဖြစ်မယ့် LMS Plugin ကို ရှာဖွေနေပြီလား? Learning Management System (LMS) Plugins ကို သုံးခြင်းဖြင့် သင့်က Udemy ကဲ့သို့ Online Courses များဖန်တီးနိုင်ပါတယ်။

အကောင်းဆုံးဖြစ်တဲ့ WordPress LMS Plugin မှာဆိုရင် Online Course Content တွေကို စီမံခန့်ခွဲနိုင်ခြင်း၊ Subscriber တွေကို ထိန်းချုပ်နိုင်ခြင်း၊ Quizzes နှင့် Question များကိုဖန်တီးနိုင်ခြင်း၊ ငွေပေးချေမှု လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်ခြင်း စသည် များစွာသော လုပ်ဆောင်ချက်များပါဝင်ပါတယ်။

ကျွန်တော် ဒီဆောင်းပါးမှာ online learning website တစ်ခုပြုလုပ်ရာတွင် ကိုယ်နှင့် ကိုက်ညီမှု ရှိသော LMS Plugin ကိုရွေးချယ်နိုင်ဖို့အတွက် အကောင်ဆုံး LMS Plugin ထဲက 4ခုရဲ့ အားသာချက်နှင့် အားနည်းချက်များကို ပြောပြပေးသွားပါမှာဖြစ်ပါတယ်။

Learning Website တစ်ခုကိုဖန်တီးတော့မယ်ဆိုလျှင် –

Learning Website တစ်ခုဖန်တီးဖို့အတွက် ပထမဆုံး လိုအပ်မှာကတော့ website ထားမည့်နေရာ Hosting နှင့် ကိုယ်ရဲ့ website ကို Internet ပေါ်မှာ ရှာဖွေနိုင်မည့် Address တစ်နည်းအားဖြင့် Domain Name ရှိရပါလိမ့်မယ်။

WordPress Site အတွက် Hosting နှင့် Domain Name ကို ဝယ်မည့်ဆိုလျှင်တော့ Bluehost (သို့) SiteGround ကိုအကြံပြုပါရစေ။ ဘာလိုဒီ Hosting Companies ကို အကြံ ပြုတာလဲဆိုလျှင် သူတို့က ကမ္ဘာမှာ အကြီးဆုံး Hosting company ထဲမှာ တစ်ခုဖြစ်ပြီး, သူတို့ကို WordPress က တရာဝင်ကြေညာ အသိအမှတ်ပြုထားလို့ပဲဖြစ်ပါတယ်။

Domain နှင့် Hosting ရလာပြီဆိုလျှင် ကိုယ်ရဲ့ site မှာ WordPress ကို Install လုပ်နိုင်ပါပြီ။ WordPress ကို ကိုယ့်ရဲ့ Site မှာ ဘယ်လို Install လုပ်ရမလဲ ဆိုတာကို မသိရင်တော့ how to install WordPress ဒီ Link ကို ကြည့် ပြီး တစ်ဆင့်ခြင်း လုပ်သွားနိုင်ပါတယ်။

WordPress ကို Install လုပ်ပြီးပြီဆိုလျှင်တော့ WebSite အတွက် ဘယ် LMS Plugin ကို သုံးမလဲဆို တာရွေးဖို့ လိုလာပါပြီ။

ဒါဆို ကျွန်တော်တို့ ကိုယ့်ရဲ့ လိုအပ်ချက်အရ ဘယ် LMS Plugin ကိုအသုံးပြုမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အချို့ အကောင်းဆုံး ဖြစ်တဲ့ WordPress LMS Plugin အကြောင်းကို စပြီးလေ့လာကြရအောင်။

  1. LearnDash

LearnDash ကတော့ လတ်တလော Market မှာခေတ်စားနေတဲ့ LMS Plugin တစ်ခုဖြစ်ပါတယ်။ ဒီ LMS Plugin ဟာအသုံးပြုရန်လွယ်ကူပြီး Features မြောက်များစွာပါဝင်သော LMS Plugin တစ်ခုလို ပြောလို့ ရပါတယ်။

LearnDash က Course Builder ရဲ့ Drag and Drop ကနေလာတာဖြစ်ပြီး သင်ရိုးပေါင်းမြောက်များစွာကို အလွယ်တကူဖန်တီးနိုင်ခြင်း၊ သင်ရိုးတစ်ခုတစ်ခုတွင် သင်ခန်းစာများကိုအပိုင်းလိုက်ခွဲပြီးထည့်နိုင်ခြင်း၊ သင်ခန်းစာအတွက် Quizz များဖန်တီးခြင်း၊ သင်ရိုးအတွက် Categories များခွဲထုတ်နိုင်ခြင်းစသည့် လုပ်ဆောင်ပေးပါတယ်။ သင်ခန်းစာများ အတွက် Course Duration ကိုသတ်မှတ်ပေးခြင်း စသည့်လုပ်ဆောင်ချက်များကိုလည် စီမံခံခွဲနိုင်မည်ဖြစ်သည်။

LearnDash ကို အသုံးပြုခြင်းအားဖြင့် ကျွန်တော်တို့သည် user အတွက် Assignments များပေးနိုင်ပြီး၊ user ဘက်ကလည်း အဲဒီ Assignment ရဲ့ Answer ကို Instructor ထံသို့ပြန်ပို့နိုင်ခြင်း၊ Instructor ထံမှပြန်ပို့လာသော Assignment များအား Approve လုပ်ခြင်း comment ပေးခြင်းစသည့် လုပ်ဆောင်ချက်များကိုလည်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကျောင်းသားများအတွက် နောက်သင်ခန်းစာမသွားမီ ပထမသင်ခန်းစာကို ဉီးဆုံးပြီးအောင်လုပ်ရန်အတွက် သတ်မှတ်နိုင်မည်လုပ်ဆောင်ချက်များလည်းပါဝင်ပါသည်။

ဒါ့အပြင် LearnDash က သင်၏ online training course အတွက် subscription များအား လေ့လာကြည့်ရှုခြင်း၊ တစ်ကြိမ် ဝယ်လိုက်တာနှင့် တစ်သက်လုံးသုံးခွင့်ပေးခြင်း၊ membership packages များဝယ်နိုင်ခြင်း စသည့်လုပ်ဆောင်ချက်များကိုလည်းဆောင်ရွက် ပေးပါသည်။ ငွေလက်ခံနိုင်ရန်အတွက် PayPal, Stripe နှင့် 2Checkout စသည့် Payment Gateways များအားပံ့ပိုးထားပါသည်။

bbPerss, WordPress eCommerce plugin နှင့် mermbership plugins (eg. MemberPress) ကဲ့သို plugin များအားလည်း LearnDash LMS plugin တွင် Integrate လုပ်၍လည်းအသုံးပြုနိုင်ပါသည်။

ဈေးနှုန်းကတော့ site ၁ ခုအတွက်ဆို $159 လောက်ရှိပြီး ပံ့ပိုးမှုနှင့် မွမ်းမံမှုများကို တစ်နှစ်တာ ဆောင်ရွက်ပေးပါသည်။

အဆင့် : A+

သုံးသပ်ချက် –
LearnDash သည် WordPress user များအတွက် အလွယ်ကူဆုံးနှင့် ပြောင်းလွယ် ပြင်လွယ်သော LMS Plugin တစ်ခုဖြစ်ပြီး Online သင်ခန်းစာများကို စီမံရန်အတွက် ပြည့်စုံသော အင်္ဂါရပ်များပါဝင်ပါသည်။

LearnPress သည် third-party plugins များနှင့် တွဲသုံးနိုင်သောကြောင့် ပိုပြီး Powerful ဖြစ်တယ်ဟုဆိုနိုင်သည်။ LearnDash ကို ကျောင်းများ၊ training organization များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် training Course များပြုလုပ်ရောင်းချခြင်း စသည့် လုပ်ငန်းများတွင်အသုံးပြုနိုင်ပါသည်။

2. LifterLMS

LifterLMS သည် သပ်ရပ်သော အင်္ဂါရပ်များနှင့် ပြည့်စုံသည့် Powerful ဖြစ်တဲ့ နောက်ထပ် WordPress LMS plugin တစ်ခုဖြစ်ပြီး ရှိပြီးသား WordPress Sites တွင် လွယ်ကူစွာထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ၎င်းသည် ဆွဲဆောင်မှုရှိသော Online သင်တန်းများ ဖန်တီးနိုင်ပြီး ကျောင်းသားများအတွက် ကောင်းမွန်သောသင်ယူမှု အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။

LifterLMS သည့် သင်တန်းများ၊ သင်ခန်းစာများ ၊ Course အမျိုးအစာများကို ခွဲခြားနိုင်ရန်အတွက် muti-tier courses လုပ်ဆောင်မှုများကိုလည်း ပံ့ပိုးပေးထားပါတယ်။ ဒီ Plugin ကိုသုံးခြင်းဖြင့် သင့်သည် သေးငယ်သောသင်တန်းများ (သို့) ပြည့်စုံသောဒီဂရီပရိုဂရမ် သင်တန်းများဖန်တီးနိုင်ပြီး ပြောင်းလွယ်ပြင်လွယ်ပေးသည်။ သင့်၏သင်တန်းများကို ပိုမိုနှစ်သက်စေရန် ဗီဒီယို၊ အသံ၊ စာသား၊ ရုပ်ပုံများထည့်ခြင်းဖြင့် Multi-Media သင်ခန်းစာများကိုဖန်တီးခြင်းစသည့်တို့ကိုပြုလုပ်နိုင်ပါတယ်။

LifterLMS တွင် online course များကို ပိုမိုထိန်းချုပ်နိုင်ရန်အတွက် Course အတွက် အချိန်ကာလသတ်မှတ်နိုင်ခြင်း၊ Membership များသတ်မှတ်ပေးခြင်း နှင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နိုင်ခြင်း စသည့် လုပ်ဆောင်ချက်များကိုဆောင်ရွက်နိုင်ပါတယ်။ အသုံးပြုသူပိုမိုထိတွေ့စေရန်အတွက် ၎င်းသည်အလိုအလျောက် email ပို့ခြင်း နှင့် သင်တန်းပြီးဆုံးသည့်အခါတွင် certificate များပေးခြင်း အင်္ဂါရပ်များပါဝင်ပါတယ်။ ၎င်းတွင် သင့်ဆိုဒ်ပေါ်ရှိ WordPress စာမျက်နှာကို မည်သူမည်ဝါကိုဘဲ သုံးခွင့်ပြုမည် စသည့် ကန့်သတ်ချက်များကိုလည်းသတ်မှတ်ပေးနိုင်သော လုပ်ဆောင်ချက်များလည်းထည့်သွင်းထားပါတယ်။

LifterLMS တွင် affiliates စီမံခန်ခွဲမှုအတွက်လည်းအသုံးပြုနိုင်ခြင်း၊ eCommerce plugins များဖြင့် တွဲသုံးနိုင်ခြင်း၊ ကိုယ်ရဲ့ email marketing services များဖြင့် ချိတ်ဆက်အသုံးပြုနိုင်သော useful ဖြစ်တဲ့ addon မြောက်များစွာပါဝင်ပါတယ်။

LifterLMS သည် WordPress site တွင် online course များကို အလွယ်တကူရောင်းချနိုင်ရန် ပံပိုးပေးနိုင်ပြီး Credit Card Payment method များနှင့် Coupons code ထုတ်ပေးခြင်းစသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ပါတယ်။ LifterLMS တွင် PayPal, Stripe နှင့် check ဖြင့်ငွေချေးနိုင်သည့် Payment Gateway Method များပါဝင်ပါတယ်။

Pricing:
LiferLMS ကို Individual Add-Ons, Universe Bundle, Infinity Bundle စသည် Packages ၃ခု အနေဖြင့်ရောင်းချပေးပါသည်။ ဈေးနှုန်းကတော့ $99 (Individual Add-Ons), $299 ( Universe Bundle ), $999 ( Infinity Bundle) ပေးဆောင်ရပါတယ်။

အဆင့် : A

သုံးသပ်ချက် –
LifterLMS သည် အသုံးပြုရန်လွယ်ကူပြီး တကယ့် Powerful ဖြစ်တယ့် LMS plugin တစ်ခုဟုဆိုနိုင်ပါတယ်။ ဒီ Plugin တွင် အသုံးပြုသူ လွယ်ကူစေရန်အတွက် Demo Course များကို install လုပ်ပေးထားပါတယ်။

LifterLMS plugin ကို ဂီတပညာရှင်များ၊ ခေါင်းဆောင်မှုသင်တန်းနည်းပြများ၊ ပညာရေးလုပ်ငန်းရှင်များနှင့် အွန်လိုင်းသင်ခန်းစာများကိုရောင်းချခြင်းဖြင့်ဝင်ငွေရှာဖွေလိုသူများစသည့် လုပ်ငန်းများအတွက်အသုံးပြုနိုင်ပါတယ်။

3. Teachable

Teachable သည် Powerful ဖြစ်တဲ့ Course Builder တစ်ခုဖြစ်ပါတယ်။ ဒါကတော့ WordPress Plugin တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Teachable LMS ကို ကျွန်တော်တို့ sub-domain, custom domain အနေဖြင့် အသုံးပြုနိုင်သလို ကိုယ်ရဲ့ page မှာ link များဖြင့်ချိတ်ဆက်ခြင်းအားဖြင့်လည်းအသုံးပြုနိုင်ပါတယ်။

Teachable Hosts သည် အပြန်အလှန်ဆက်သွယ်မှုပြုလုပ်နိုင်သော Online သင်တန်းများတည်ဆောက်ရန် ကိရိယာများစွာကို ပံ့ပိုးပေးပါတယ်။ ဒီဟာတွင် Email Marketing Integration, Analytics နှင့် အခြားသော marketing Tools တို့လည်း built-in အနေဖြင့် ပါရှိပါတယ်။

Pricing:
ဈေးနှုန်းကတော့အနည်းဆုံး $29 မှာစတင်ပြီး ရှိပါသည်။

အဆင့်: B+

သုံးသပ်ချက် –
Online Course များပြုလုပ်ရောင်းချရန်လိုအပ်သော tools မြောက်များစွာကိုTeachable LMS က ပံပိုးပေးထားပါသည်။ ၄င်:သည် ကျောင်းသားဘယ်လောက်များများ၊ Course ဘယ်လောက်များများ ကောင်းမွန်စွာထိန်းချုပ်နိုင်ပါတယ်။ Teachable သည့် standalone platform တစ်ခုဖြစ်သောကြောင့် ပြုပြင်ခြင်းနှင့် backup လုပ်ခြင်းစသည့်တို့ကို သင်သည်တာဝန်ယူလုပ်ဆောင်ပေးခြင်းကို ပြုလုပ်နိုင်မှာတော့မဟုတ်ပါဘူး။ မကောင်းတဲ့ အချက်ကို ပြောရလျှင်တော့ Teachable သည် အခြား WordPress plugins များထက် ဈေးကြီးပါတယ်။ သင်သည် အကယ်၍ Basic Plan ကိုဘဲ ဝယ်မည်ဆိုလျှင် Transaction တစ်ခုတစ်ခုအတွက် 5% ဝန်ဆောင်ခ ပေးဆောင်ရပါတယ်။

4. LearnPress

LearnPress ကတော့ Free အသုံးပြုလို့ရပြီး powerful ဖြစ်တဲ့ WordPress LMS Plugin တစ်ခုဖြစ်ပါတယ်။ အထက်မှာဖော်ပြထားသော အခြား plugin များနှင့် မတူတာကတော့ LearnPress သည် Setup Wizard ပါပြီးမိမိစိတ်ကြိုက် setup ပြုလုပ်နိုင်ပါတယ်။

LearnPress LMS Plugin ကိုသုံးခြင်းဖြင့် Course များကို လွယ်ကူစွာ ဖန်တီးနိုင်ပြီး quizzes များထည့်ခြင်း၊ question များမေးခြင်းစသည့် လုပ်ဆောင်ချက်များကိုလည်ဆောင်ရွက်နိုင်ပါတယ်။ Course တစ်ခုမှာဖန်တီးထားသော Quizzes နှင့် Question များကို အခြား Course တစ်ခုတွင်လည်း အလွယ်တကူယူသုံးနိုင်ပါတယ်။ LearnPress LMS မှာ ကိုယ် Course Content တွေကို (အခြား Website မှာ ပြန် အသုံးပြုနိုင်အောင်) export လုပ်ခြင်းစသည့် လုပ်ဆောင်ချက်များလည်းပါဝင်ပါတယ်။

LeranPress မှာဆိုလျှင်တော့ ကိုယ်ရဲ့ LMS Features တွေကို ချဲ့လိုရအောင် Free နှင့် Paid addons နှစ်မျိုးလုံးရှိပါတယ်။ LearnPress ကလည်း အခြား LMS Plugin နည်းတူQuizzes, Assignments, Grading များသတ်မှတ်ချက်နှင့် content များအတွက် အချိန်ဇယားသတ်မှတ်ခြင်းစသည့် လုပ်ဆောင်ချက်များကိုလည်း ဆောင်ရွက်နိုင်ပါတယ်။ ၄င်: ကို bbPress, WooCommerce နှင့် WordPress Membership Plugins တို့ နှင့်လည်း တွဲပြီးအသုံးပြုနိုင်ပါတယ်။

LearnPress LMS plugin အတွက် ဖန်တီးထားတဲ့ အချို့ WordPress LMS themes တွေရှိပါတယ်။ ကိုယ်ရဲ့ Learning Website အတွက် ဘယ် Themes ကို အသုံးပြုရမလဲဆိုတာ ဆုံးဖြတ်ရန်ခက်နေရင်တော့ LearnPress LMS အတွက် ဖန်တီးထားတဲ့ LMS theme ကို အသုံးပြုနိုင်ပါတယ်။ ဒီလိုအကြံပြုထားတဲ့ theme တွေကို အသုံးပြုခြင်းအားဖြင့် ကိုယ်ရဲ့ site မှာ error များဖြစ်ပွားမှုနှင့် ပျက်စီးမှုကို ရှောင်ရှားနိုင်ပါတယ်။

Pricing:
Free + Paid Addons and Support

အဆင့် : B+

သုံးသပ်ချက် –
LearnPress LMS Plugin သည် features မြောက်များစွာ ပါရှိပြီး၊ သက်တောင်သက်သာ အသုံးပြုနိုင်သော ကောင်းမွန်တဲ့ LMs plugin တစ်ခုဖြစ်ပါတယ်။ LearnPress သည် Default အနေဖြင့် PayPal ကို support လုပ်ပေးပြီး အခြား Payment Gateway method ကိုတော့ paid add-ons တွင်ရရှိနိုင်ပါတယ်။

Free User ကို တော့ limited support ကို ပေးပြီး၊ Paid user ဆိုလျှင်တော့ သူတို့ရဲ official forum ကနေ့ support ရယူနိုင်ပါတယ်။

LMS Plugin များစွာရှိသည်ထက်က အကောင်းဆုံးထဲက ၄ခုကိုသာဖော်ပြခြင်းဖြစ်ပါတယ်။ မိတ်ဆွေတို့ ထပ်ပြီး သိချင်ရင်တော့ WP Courseware , Sensei, Tutor LMS, MasterStudy LMS စသည့်ဖြင့် Google မှာရှာဖတ်နိုင်ပါတယ်။

Online training Courses များပြုလုပ်ရောင်းချလိုသူများအတွက် Myanmar Web Store သည် Premium Theme Design များအသုံးပြုပြီး အကောင်းမွန်ဆုံး ဝန်ဆောင်မှု၊ အချိုသာဆုံးနှုန်းထားများဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကျ တာဝန်ယူပြုလုပ်ပေးပါတယ်။

# Myanmar Web Store

Comments

  1. I was able to find good info from your blog posts. Jayne Jean Marr

Leave a Reply

Your email address will not be published. Required fields are marked *