Myanmar Web Store
We build awesome websites


ကောင်းမွန်တဲ့ ကြော်ငြာ တစ်ခုဖြစ်ဖို့ ဘယ်အချက်တွေက အရေးကြီးလဲ?

ပထမဉီးဆုံးကျွန်တော်ပြောချင်တာကတော့ Facebook မှာ ကြော်ငြာတစ်ခု ရေးမယ်ဆိုပါစို့ – နံပါတ် ၁ အချက်ကတော့ Reader တွေကို ဆွဲဆောင်နိုင်တဲ Title ( Head line ) လိုမည် ဖြစ်၍ ကိုယ့်က ဘယ်လို Title ထားလျှင်ကောင်းမလဲဆိုတာ စဉ်စားဖို့လိုအပ်လာပါတယ်။ Header ထားရာတွင်လည် အရမ်းကြီးမရှည်အောင် တိုတိုနှင့် ကောင်းမွန်တဲ Head Line ဖြစ်ဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော Facebook က Header ကို စာလုံးရေ ၂၅ လုံး၊ Short Description ကို အလုံး ၉၀ နှင့် Description အတွက်ဆိုလျှင်တော့ ၂၀၀ ထက်မကျော်ရဘူး ဆိုပြီး ကန့်သတ်မှုပြုလုပ်ထားပါတယ်။
အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး ကြည့်မယ်ဆိုလျှင် တစ်ကယ်ကောင်းမွန်တဲ့ Ads တစ်ခုရဖို့ အောက်တွင် ဖော်ပြထားသော အချက် ၅ ချက်က အရေးကြီးပါတယ်။

  1. ကိုယ်ထားတဲ့ Headline က action နှင့် subject ပါပြီး တိုရမယ်။
    ဥပမာ – iPhone စထွက်တယ်အချိန်မှာ Bill gate က ဒီ iPhone သည် Memory ဒီလောက်ပါတယ်ဆိုပြီး မရောင်းပါဘူး။ သူက customer တွေပိုပြီ မြင်လာအောင် သီချင်းအရေအတွက် ဒီလောက်ဆန့်တဲ ဆိုပြီးMemory ကို သီချင်းအရေအတွက်နှင့် နှိုင်းယှဉ်ပြီး ဖော်ပြခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော အဲဒီခေတ်က လူတွေက Memory ရဲ size ကို Visualize မလုပ်တတ်ကြပါဘူး။ ဒါကြောင့် ကိုယ်ထားမည့် Headline သည် Consumer Visualize ဖြစ်ဖို့ အရေးကြီးပါတယ်။
  2. Ads မှာ Social Proof တွေပါဖို့ လိုပါတယ်။
    ကိုယ်က သင်တန်းတစ်ခုအတွက် Ads ရေးမယ်ဆိုပါစို့ – ဒီသင်တန်းမှာ အခကြေးငွေပေးပြီး တက်နေတဲ့ သင်တန်းသား ၁၀၀၀ ကျော် ရှိတယ်ဆိုတာကတော့, ဒီသင်တန်းက ကောင်းတဲ့ သင်တန်းဆိုတဲ့ Social Proof လေတစ်ခု ဖြစ်ပါတယ်။ “People Trust People Like Them” ဆိုသလို အခုခေတ်လူတွေက သူတိုလိုမျိုးပြောတဲ့ဟာ (သို့မဟုတ်) သူတို့နှင့် ခပ်ဆင်ဆင် သူတွေ လုပ်တဲ့ အလုပ်မျိုး ဆိုလျှင် လုပ်သင့်တယ်လို ယူဆကြတတ်ပါတယ်။
  3. Value proposition ကို ခိုင်ခိုင်မာမာ ပြောပြပေးဖို့ လိုပါတယ်။
    ကိုယ်က Camera တစ်ခုကို ရောင်းမယ်ဆိုပါစို့ – ဒီ Camera က နည်းပညာ ဘယ်လိုသုံးထားတာ၊ Resolution က ဘယ်လောက် Megapixel ပါတယ်လို့ ပြောမယ်အစား ဒီ Camera နှင့် ရိုက်လျှင် ဒီလို Quality ရှိတဲ့ ပုံတွေ ထွက်တယ်ဆိုပြီး ပုံတွေ ပြတာက ပိုးပြီ မြင်သာပါတယ်။
  4. Ads လုပ်မယ် Videos တွေ ပုံတွေ Quality ကောင်းဖို့လိုပါတယ်။
  5. ကိုယ်ကြော်ငြာတွေမှာ အချိန်ကာလသတ်မှတ်ချက် Call to Action ရှိဖို့လိုပါတယ်။
    ဥမမာ- Product ရောင်းမဲ့ Ads တစ်ခုရေးမယ်ဆိုပါစို့ – ဒီ Product ကို အချိန်ကာလ ဘယ်လောက်ထိ Discount ဘယ်လောက်ရှိလဲ ဆိုတာ ပြောပြပြီးရောင်းခြင်းအား Consumer တွေက ကိုယ့်ရဲ့ Product ကို ပိုပြီး ဝယ်ချင်မည်ဖြစ်သည်။ ဒါကြောင့် Ads မှာ Time Restriction ပါဖို့လည်း အရေးကြီးပါတယ်။

Comments

  1. Just wanna state that this is very helpful , Thanks for taking your time to write this. Karlee Leopold Gibeon

  2. I was able to fund good advice from your blog articles. Katalin Judah Clance

  3. You made some decent points there. I did a search on the topic and found most guys will agree with your website.

Leave a Reply

Your email address will not be published. Required fields are marked *