SEO ( search engine optimization ) ဆိုတာဘာလဲ? ဘာကြောင့် ကျွန်တော်တို့ website ကို SEO လုပ်ဖို့တာလဲ?" />
Myanmar Web Store
We build awesome websites



SEO ( search engine optimization ) ဆိုတာဘာလဲ? ဘာကြောင့် ကျွန်တော်တို့ website ကို SEO လုပ်ဖို့တာလဲ?

SEO – Search Engine Optimization ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Website ကို Browser ရဲ့ ထိပ်ဆုံးမှာရောက်အောင်လုပ်တဲ့ နည်း ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့က ကိုယ်ရဲ့ Website ကို Search Engine Optimization လုပ်ထားတယ်ဆိုလျှင် ကိုယ်ရဲ့ website ကို visitor များ ၀င်ရောက်လေ့လာဖို့ အလားအလာ များမည် ဖြစ်ပါတယ်။ Search Engine အမျိုးမျိုး ရှိပါသည်။ ဥပမာ- Google, Yahoo!, bing, duckduckgo, Ask and Aol etc… တို့က Search Engine များ ဖြစ်ကြပါတယ်။ အကယ်၍ လူတစ်ယောက်က အကြောင်းအရာ တစ်ခုခုကို ရှာမယ်ဆိုလျှင် ပထမဦးဆုံး Search Engine တစ်ခုခုတော့ ဖွင့်ရပါလိမ့်မည်။ ဒါပေမဲ့ ကမ္ဘာ မှာ ၈၃% လောက်ကတော့ Google Search Engine ကို သုံးကြပါတယ်။ ကျွန်တော်တို့က Google Search Engine မှာ တစ်ခုခု ရှာပြီဆိုလျှင် ကိုယ်ရှာတဲ့ အကြောင်းပေါ် မူတည်ပြီး Website များ တွေ့ရပါလိမ့်မည်။

Google က Ranking (သို့) Visitor များတဲ့ Website တွေကို Google Search Engine ရဲ့ first page မှာ  ပြပေးပြီး visitor နည်း တဲ့ Wesite တွေကို Subpage အနေနဲ့ Priority အလိုက် စီပေးပါတယ်။ ကမ္ဘာမှာ ၆၃% လူတွေက Google ရဲ့ first page မှာ ရှိတဲ့ ထိပ်ဆုံး Website ၃ ခုသာ ၀င်ရောက်လေ့လာကြပြီး ကျန်တဲ့ website တွေကို ၀င်ရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။ ကိုယ့်ရဲ့ Website ထိပ်ဆုံး၃ခုထဲ ပါဖို့ဆိုလျှင် SEO – Search Engine Optimization ကောင်းမှသာ ရပါလိမ့်မည်။ကိုယ်ရဲ့ website က Attractive ဖြစ်ပြီး User အတွက် အသုံးတည့်ဖို့ ပိုအရေးကြီးပါတယ်။ ကိုယ်ရဲ့ website က Customer (သို့) Subscriber အမြဲ ရနေမှသာ Google က မိမိရဲ့website က ကောင်းတဲ့ website တစ်ခုဖြစ်တယ်လို့ အသိအမှတ် ပြုပြီး visitor များလျှင်များသလို ကိုယ် website က ထိပ်ဆုံး ရောက်ဖို့ အလားအလာ များပါတယ်။  မိမိ၏ Website က Google ရဲ့ first page မှာ မရောက်နိုင်လျှင် Website က အလဟဿ ဖြစ်နိုင်ပါတယ်။

အရင်တုန်းက Website တွေက ကိုယ်ရှာတဲ keyword ပေါ် မူတည်ပြီး ထွက်လာပါတယ်။ Keyword များတဲ့ Website တွေက Top Rank မှာ ရှိကြပါတယ်။ ဒါပေမဲ့ ၁၉၉၆ မှာ php student Larry Page and Sergey Brin က keyword နိယာမ ကို ပြောင်းလိုက်ပါတယ်။ အကယ်၍ website တစ်ခုက အခြား website တစ်ခုနှင့် link ဖြစ်နေပြီးတော့ keyword လည်း ဆက်နွယ်နေတယ် ဆိုလျှင် link လုပ်ထားတဲ့ website ကို Top page မှာ ပြလာကြပါတယ်။ Keyword က အရေးမကြီးဘူးလို့ ပြောတာမပာုတ်ပါဘူး keyword ကလည်းအရေးကြီးသလို Website ရဲ့ Quality Backlinks ကလည်း အရေးကြီးပါတယ်။ Keyword ကနေ Google က ကျွန်တော်တို့ရဲ့ website ကို ရှာပါတယ် ပြီးတော့ Quality Backlinks ကောင်းလေ Google က ကျွန်တော်တို့ရဲ့ Website ကို Trust ဖြစ်ပါတယ်။

Search Engine က ကျွန်တော်တို့ရဲ website ကို (၂) နည်းနှင့် Rank လုပ်ပါတယ်၊ ပထမ တစ်ချက်ကတော့ Onsite Optimization ကျွန်တော်တို့ရဲ website မှာ ရှိတဲ့ Keyword တွေက website နှင့် Relevant ဖြစ် မဖြစ်ကိုကြည့်ပါတယ်။ ဥပမာ – ကျွန်တော်တို့က Google မှာ Movie Theaters လို့ ရှာလျှင် Movie Theaters Website မှာ Movie Theaters, Myanmar, Cinema Hall, Movie Theater in Myanmar ကဲ့သို့ Keyword တွေရှိဖို့ အရေးကြီးပါတယ်။   ဒုတိယတစ်ချက်အနေနဲ့ Offsite Optimization ကောင်းဖို့ ဆိုလျှင် ကျွန်တော်တို့ရဲ့ website က Quality Backlinks ရှိဖို့လိုပါတယ်။ Backlinks ဆိုတာကတော့ Blog Post တစ်ခုခု၊ Article, Social Media, Forum တွေမှာ ကိုယ် Website ရဲ့ link ရှိနေမယ်ဆိုလျှင် Google က ကျွန်တော်တို့ရဲ့ Website က ကောင်းတဲ့ Website ဖြစ် တယ်လို့ အသိအမှတ်ပြုပါတယ်။ Onsite Optimization နှင့် Offsite Optimization ကောင်းမှသာ ကျွန်တော်တို့ရဲ့ Website သည် Search Engine ရဲ့ ထိပ်ဆုံးရောက်ဖို့ Possibility များမှာ ဖြစ်ပါတယ်။


–||– Thanks for Reading –||–

Related Articles – မိမိ Website ကနေ Android Application ပြောင်းနည်း

Like and Follow on Facebook – Myanmar Web Store

Leave a Reply

Your email address will not be published. Required fields are marked *